Wednesday, November 4, 2015

၎ . ၁၁ . ၂၀၁၅ တွင် ကစားမည့် ချန်ပီယံလိဒ်ပွဲစဉ်များ၏ ည (၉:၃၀) နောက်ဆုံးပေါက်ကြေးများ

Bayern Vs Arsenal        B 1-64  G 3-14
Roma  Vs Leverkusen   B 86     G 3+20
Barce  Vs BATE            B 3+90  G 3L
Chelsea Vs Dyna: Kyviv   B 1+50 G 2-52
Lyon  Vs  Zenit              B 64    G 2-88
Gent Vs Valencia          B 44     G 2-72
Olympiakos Vs D Zegreb B 1-54 G 3+84
Maccabi T Aviv Vs Porto B 1-22 G 2-90

Thursday, October 15, 2015

အနိမ့်အမြင့် အတက်အကျ မြန်မာ့ဘောလုံးလောက

မန်မာ ယူ၂၀ အသင်း ကမ္ဘာ့ဖလားတက်ခွင့် ရ၍ မြန်မာ့ဘောလုံးလောက တခေတ်ဆန်းတော့မည်ဟု မြန်မာ့ဘောလုံးချစ် ပရိတ်သတ်အပေါင်းတို့ ကြုံးဝါးမည် ကြံရွယ်ရုံသာရှိသေးသည်။ နောက်မျိုးဆက်သစ် မြန်မာ ယူ၁၉ အသင်းက ကိုယ့်ကွင်းကိုယ့်ပရိတ်သတ်ရှေ့တွင် ဒေသတွင်း ပြိုင်ဘက် ဗီယက်နမ်အသင်းကို အရှုံးပေးခဲ့ရပြီး အာရှယူ-၁၉ ပြိုင်ပွဲခြေစစ်ပွဲမှ ထွက်ခဲ့ရသည်။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ ဆိုသောမေးခွန်း ၏ အဖြေမှာ ရိုးရှင်းလှပါသည်။ 

မြန်မာဘောလုံးလောကသည် တပွဲတိုး မန်းမှုတ်ပြီး ပြိုင်ပွဲဝင်တက်သော အကျင့်ဆိုးကို မဖျောက်နိုင်ခြင်း ၊ မျိုးဆက်သစ်ဘောလုံးသမား မဆက်မပြတ် မွေးထုတ်ပေးနိုင်သော ဘောလုံးအကယ်ဒမီများ ရှိနေပါသော်လည်း ဘောလုံးကစားနည်းကို စနစ်တကျ သင်ကြားပို့ချနိုင်မှု မရှိခြင်း (နိုင်ငံခြား နည်းပြတို့၏ မှတ်ချက်စကားမှ) ၊ မြန်မာဘောလုံးသမားအများစုသည် အခြားဘာသာ စကားသင်ယူတက်မြောက်မှု အပိုင်းတွင် အားနည်းခြင်း တို့သည် မြန်မာ့ဘောလုံးလောက တိုးတက်ရန် အတွက် အဟန့်အတားသဖွယ် ရှိနေလေတော့သည်။

နောက်တချက်မှာကား လက်သင့်ရာ ဦးစားပေး ရွေးချယ်မှုကြောင့် ပျက်စီးနိမ့်ကျသွားသော မြန်မာဘောလုံး အဆင့်အတန်းကို ပြန်လည်မကုစားနိုင် သေးခြင်းပင် ဖြစ်သည်။ ဥက္ကဌ ဦးဇော်ဇော်၏ မှားယွင်းသော ပြုပြင်ပြောင်းလဲမှု တချို့က မြန်မာ့ဘောလုံးအဆင့်အတန်းကို ပြန်လည်မြင့်တင်လိုမှုကို ကြန့်ကြာစေသည်။ (ဥပမာ - ပရိတ်သတ်ခွဲခြား၍ အားပေးစေခြင်း ၊ MNL လိဒ် ကို Professional စနစ်ပြောင်းလဲရာတွင် အသင်း၏ ပုံမှန်ဝင်ငွေမရှိဘဲ ကစားသမားများ၏ လစာငွေ အမြောက်အများ ပေးချေနေရမှုကြောင့် ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲလာခြင်း ၊ တိကျခိုင်မာမှု ရှိသော ဘောလုံးဥပဒေတရပ်ကို မပြဌာန်းနိုင်ခြင်း)

မြန်မာပြည်သူ ပြည်သားတို့၏ ရင်ထဲတွင် ဘောလုံးသည် သာမန်ထက်ပိုသော အမျိုးသားအားကစားနည်းဟု သတ်မှတ်နိုင်သည်။ မြန်မာ့ဘောလုံးအသင်းသည် သမိုင်းတွင် အာရှတိုက်၏ အဆင့်အမြင့်ဆုံး အသင်းတသင်း အဖြစ် ကာလအတန်ကြာ ရပ်တည်ခဲ့ဖူးသည်။ ယခုလက်ရှိ အာရှထိပ်သီးအသင်းများ ဖြစ်သော တောင်ကိုရီးယားအသင်း ၊ အီရန်အသင်း တို့နှင့် ရင်ဘောင်တန်း ရပ်တည်နိုင်ခဲ့သည်။ ဘတပြန် ကျားတပြန် ၊ သူဒင်း ကိုယ်ဒင်း အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့သည်။ ထိုဖြစ်ရပ်တို့သည် လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော် ကြာမြင့်ခဲ့လေပြီ။ အခုအချိန်တွင်တော့ မြန်မာအသင်းသည် သူတို့ပြုသမျှ နုရမည် အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။

ဘယ်အကြောင်းတရားတို့က ထိုကဲ့သို့ အခြေအနေကွာဟမှုကို ဖြစ်ပေါ်စေခဲ့သနည်း ? တိုးတက်ပြောင်းလဲနေသော မော်ဒန်ဘောလုံးလောကတွင် နည်းစနစ်ပိုင်းကို အသားပေးလာသည်။ မြန်မာတို့က ပင်ကိုယ်ကျွမ်းကျင်မှုနှင့် တဦးကောင်း တယောက်ကောင်း စနစ်တွင် တဝဲဝဲလည်ဆဲသာ။ ဘောလုံးသမားကောင်း တစ်ဦးဖြစ်ရန် အခြေခံကျသော ဘောလုံးနည်းစနစ်များကိုပင် မြန်မာ့လက်ရွေးစင်ကစားသမားအချို့ ပင်လျှင် မသိမတက် နားမလည်ဖြစ်နေဆဲပင်။ နေထိုင်မှုစရိုက်ပုံစံ အချို့က ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေသည်။ (ဥပမာ - ပြည်တွင်းကလပ်အချို့တွင် နည်းပြများနှင့်ပါ အရက်သောက်ခြင်း ၊ Camp မှ ခိုးထွက်ပြီး ကလပ်တက်ခြင်း ၊ ကေတီဗွီသွားခြင်း)

မြန်မာ့ဘောလုံး အဆင့်အတန်း ပြန်လည်ဦးမော့ မြှင့်မားလိုပါလျှင် စံနမူနာထား အတုယူသင့်သော အသင်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံပင် ဖြစ်သည်။ ၂၀၀၄ ခုနှစ်မှစ၍ ထိုင်းဘောလုံးအသင်းတို့သည် အကျဘက်သို့ ရောက်ရှိသွားသည်။ ယခင်ကဲ့သို့ အာဆီယံဒေသတွင်း ပြိုင်ဘက်ကင်းအသင်းအဖြစ်မှ လျှော့ကျလာသည်။ တချို့ပြိုင်ပွဲများတွင် အုပ်စုမှထွက်ရသည်အထိ အခြေအနေဆိုးရွားလာသည်။ ဒေသတွင်းပြိုင်ပွဲများ ဖြစ်သော ဆီးဂိမ်းနှင့် ဆူးဇူးကီးဖလားတို့တွင် ဗီယက်နမ် ၊ မလေးရှား ၊ စင်္ကာပူအသင်းတို့နှင့် အကြိတ်အနယ် ယှဉ်ပြိုင်လာရသည်။ ယင်းအခြေအနေများကို ပြောင်းလဲရန် လူငယ်စီမံကိန်းများကို စနစ်တကျ ပြုစုပျိုးထောင်ပေးသည်။ နည်းစနစ်ပိုင်းကို အလေးထား ပြုပြင် ပြောင်းလဲသည်။ ထိုအသီးအပွင့်များကို ၂၀၁၃ ဆီးဂိမ်းတွင် နှစ်ကြိမ်ဆက်တိုက် အုပ်စုမှထွက်ရမှုကို လက်စားချေ ဗိုလ်စွဲနိုင်ခဲ့သည်။ ထိုမျှသာမက ၂၀၁၄ ဆူဇူးကီးဖလားတွင်ပါ ဗိုလ်စွဲနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ထိုင်းဘောလုံးအသင်းတို့ အထွဋ်အထိပ်သို့ ရောက်ရှိနေလေပြီ။ သက်တမ်းလိုက် ဘောလုံးပြိုင်ပွဲတို့တွင် ထိုင်းအသင်းတို့ ပြန်လည်စိုးမိုးနိုင်ရုံသာမက ပြိုင်ဘက်တိုင်းထက် နည်းစနစ်အသာစီးဖြင့် ကစားနိုင်လာသည်။ ယခင်ကဲ့သို့ ဒေသတွင်း ပြိုင်ဘက်ကင်း အသင်းအဖြစ်သို့ ပြန်လည်ရောက်ရှိပြီဟု သတ်မှတ်နိုင်လေပြီ။

မြန်မာတို့သည် ဘောလုံးကစားနည်းနှင့် စိမ်းသူများမဟုတ်။ ဘောလုံးကစားနည်းနှင့် စတင်ထိတွေ့ခွင့်ရ သည်မှာလည်း အတော်အတန်ပင် စောစီးစွာ ထိခွင့်ရသူများ ဖြစ်ရုံသာမက ယခု အာရှအင်အားကြီးအသင်း ဖြစ်သော ဂျပန်နိုင်ငံတွင် ပထမဆုံး ဘောလုံးကစားနည်း မျိုးစေ့ချပေးသူများမှာလည်း မြန်မာလူမျိုး ပင်ဖြစ်သည်။ မြန်မာဘောလုံး အဆင့်အတန်း တရပ် ပြန်လည်တည့်မတ်လိုလျှင် လူငယ်ဘောလုံး စီမံကိန်းများကို အကွက်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်အခါသင့်ပြီးဟု ယူဆမိပါသည်။

ခေတ်ပညာတက် လူလတ်ပိုင်းတို့ကို ပြည်ပစေလွှတ်ပြီး ဘောလုံးခေတ်မီ နည်းစနစ်များ သင်ယူစေကာ ပြည်တွင်းတွင် ပြန်လည် မျှဝေစေခြင်း ၊ ပြည်တွင်း နည်းပြများကိုလည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် နည်းဗျူဟာပိုင်းနှင့် ပတ်သက်သော သင်တန်းများ တက်ရောက်စေခြင်း ၊ နိုင်ငံတကာ ဒိုင်လူကြီးများ ထွက်ပေါ်လာစေရန် မွေးထုတ်ပေးခြင်း ၊ နိုင်ငံတကာ ခေတ်မီစက်ကိရိယာများ တပ်ဆင်၍ လေ့ကျင့်စေခြင်း တို့ အနိမ့်အမြင့် အတက်အကျ ဖြစ်နေသော မြန့်ဘောလုံးလောက ကို ပြန်လည် တည့်မတ် ကြပါစို့ လို့ တိုက်တွန်းရင်း ဆန္ဒပြုအပ်ပါသည်။

( ဤဆောင်းပါးကို မြန်မာ့ဘောလုံးလောက ပြန်လည် မြှင့်တက်စေရန် ရည်ရွယ်ချက်သက်သက်ဖြင့်သာ ရေးသားခြင်း ဖြစ်သည်။ မည်သူတဦးတယောက် အဖွဲ့အစည်း ကိုမျှ စော်ကားတိုက်ခိုက်ခြင်း မရှိပါ)

Admin Team